ကျောက်မဲ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမတွင်တွင် ယမန်နေ့နံနက် (၉)နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို အမှတ်(၁) အခြေခံညာအထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားလေးများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေ ကဖတ်ကြားပေးခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊၊ ပန်းချီနှင့် အပြေးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော စာပေဆုရှင် ၆ ဦး၊ ပန်းချီဆုရှင် ၉ဦး၊ အားကစားဆုရှင် ၁၂ ဦး စုစုပေါင်း ဆုရရှိသူ(၂၇)ဦးတို့အား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုကာ အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရပါသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများ၊ ကျောင်းသား/သူများအား ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ထုတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)