ကျောက်ဆည် နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ နံရံကပ်ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ များက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး အမျိုးသားအောင်ပွဲနေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ဖတ်ကြားသည်။
ထို့နောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အထက်တန်းနှင့် အလယ်တန်း စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲ၊ နံရံကပ်ပိုစတာ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီမြှင့်ခဲ့ပြီး အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းသီဆိုပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်စာများ ဖြန့်ဝေခဲ့ကြောင်းပြီး အမျိုးသားအောင်ပွဲနေ့ကျင်းပရေးကော်မတီဥက္ကဌနှင့်ကော်မတီဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အထက်တန်းနှင့်အလယ်တန်း စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ နံရံကပ်ပိုစတာပြိုင်ပွဲများတွင် ဆုရရှိ ခဲ့ကြသော မှတ်တမ်းများအား ကြည့်ရှုခဲ့ကြောင်းသိရသည်။
သက်မောင်(ကျောက်ဆည်)