စဉ့်ကိုင် နို၀င်ဘာ ၁၇
(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများကျင်းပပြုလုပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင်ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်၀င်း၀င်းသန်းက(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြပွဲ/ပြိုင်ပွဲများ ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းဥက္ကဋ္ဌ စာရေးဆရာ ရှေ့နေဦး၀င်းကြည်(စဉ့်ကိုင်)က အမျိုးသားအောင်ပွဲနေ့အကြောင်းနှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံများကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်ခင်ဆန်းက အမှတ်ပေးဒိုင်များ ကိုယ်စားအကဲဖြတ်အမှတ်ပေးရသည့် စည်းမျဉ်းစည်းကမ်းများ၊ ပါ၀င်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အလယ်တန်းအဆင့် စီစာကုံးပြိုင်ပွဲနှင့်မူလတန်းအဆင့် စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများတွင် တွင်ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူ အသီးသီးက ဆုများပေးအပ်ချီးမြှင့်ခဲ့ရာခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၀င်များ၊ မိဘများ၊ ကျောင်းသား၊ ကျောင်း သူများက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံများနှင့်သုတရသ စာအုပ်များကို စိတ်ပါ၀င်စားစွာလေ့လာကြည့်ခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသော(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် "သတင်းစကား " လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)