နမ့်ဆန်၌ (၁၀၂)နှစ်မြောက် အမျိူးသားနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

နမ့်ဆန် နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲကို ယမန်နေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း ရွှေဖီဦးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့လာသော သဝဏ်လွှာကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းထိုက်က ဖတ်ကြားပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူ(၅) ဦးတို့အား ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ၊ ကျောင်းသား/ကျောင်းသူများ(၁၀၀)ဦးခန့် တတ်ရောက်ပြီး အခမ်းအနားသို့တတ်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အသီးသီးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်