ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂- ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ

ဆိပ်ကြီးခနောင်တို  နိုဝင်ဘာ  ၁၈

၂၀၂၂-ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (အထက- ခနောင်တို) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ အခမ်းအနား တက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၂ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် သဝဏ်လွှာအား မြို့နယ် စီမအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်မှ ဖတ်ကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးပေါ်ဦးမှ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ၂၀၂၂- ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်းအဆင့် ပန်းချီ၊ စာစီစာကုံး၊ ပိုစတာ၊ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အထက (ခနောင်တို) ကျောင်းသား၊ ကျောင်းသူလေးများကဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)