မြင်းခြံမြို့တွင် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုပေးပွဲကျင်းပ

မြင်းခြံ နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် မြင်းခြံမြို့တွင် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုပေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြင်းခြံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်မှူးကြီးမင်းအောင်လှိုင် ထံမှပေးပို့သော ၂၀၂၂ ခုနှစ် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်မှ ဖတ်ကြားခဲ့သည်။ ထို့နောက် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်းတို့မှ အသီးသီးဆုများချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ကျော်စွာ(မြင်းခြံ)