မိုးနဲ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားကွင်း၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ပျော်ပွဲ၊ ရွှင်ပွဲ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၈နာရီခွဲ အချိန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲတွင် မြို့နယ်တွင်း အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ဘောလုံးဖူဆယ်ပြိုင်ပွဲ(ကျား)၊ ဖယောင်းတိုင်မီးထွန်းပြိုင်ပွဲ(မ)မီတာ ၁၀၀၊ သံပုရာသီးဇွန်း ကိုက်ပြိုင်ပွဲ(မ) မီတာ ၁၀၀၊ အလယ်တန်းအဆင့်တွင် အာလူးကောက်(မ) မီတာ ၇၅၊ အိတ်စွပ်(မ) မီတာ ၁၀၀၊ ခြေသုံးချောင်း ထောက်(ကျား) မီတာ ၁၀၀၊ စာအုပ်ရွက်(မ) မီတာ ၁၀၀၊ မူလတန်းအထက်ဆင့် မုန့်ကိုက်ပြေး(ကျား)(မ) မီတာ ၇၅၊ ရိုးရိုးပြေး (ကျား)(မ) မီတာ ၇၅၊ မူလတန်းအောက်ဆင့် မုန့်ကိုက်ပြေး(ကျား)(မ) မီတာ ၅၀၊ အင်္ကျီရွှေး(ကျား)(မ) မီတာ ၅၀၊ ဖိနပ်ရွှေး(ကျား)(မ) မီတာ ၅၀ စုစုပေါင်း ထက်၊ လယ်၊ မူ (ကျား)(မ) အားက စားပြိုင်ပွဲ ၁၆မျိုးကို ကျင်းပပေးခဲ့ရာ ကျောင်းသား/သူလေးများ ပျော်ရွင်စွာ ဆော့ကစားလျက်ရှိပြီး ဆုရရှိသူများကို မြို့နယ် အားကစားကွင်း၌ တစ်ခါတည်းချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)