လှိုင်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သ၀ဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

လှိုင်    နို၀င်ဘာ    ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့ယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သ၀ဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် () နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး၊ လှိုင်ပညာခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်၀င်းလတ်မှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သ၀ဏ်လွှာအား ဖတ်ကြားသည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် (ယနေ့)ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကြိုတင်ကျင်းပပြုလုပ်ခဲ့သည့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် လှိုင်မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 ကျော်ရဲအောင်(ပြန်/ဆက်)