(၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့်ဆုပေးပွဲကျင်းပ

မင်းပြား နိုဝင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင်ကျရောက်သည့် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မင်းပြားမြို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းအစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှပေးပို့သော (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက ဖတ်ကြားပြီး စာစီစာကုံး၊ ကဗျာ၊ ပြေးခုန်ပစ်၊ ဘောလုံးပြိုင်ပွဲ၊ မီတာ(၂၀၀)အပြေးပြိုင်ပွဲ၊ ခြေပူးလမ်းလျှောက်ပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ကြသည်။

အခမ်းအနားအပြီးတွင် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့သို့ တက်ရောက်လာသူများအား ကောက်ညှင်းငချိပ်နှင့် လဖက်ရည်ဖြင့် တည်ခင်းဧည့်ခံကြကြောင်း သိရသည်။

သိန်းနုအောင်