မိုးနဲမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မိုးနဲ  နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ပြည်သူများနှင့်ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် အမျိုးသား‌အောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းနှင့် အမျိုးသားအောင်ပွဲနေ့ကို မှတ်မှတ်ထင်ထင်ရှိစေရန် ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာ ပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မိုးနဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး မြို့နယ်ပညာ‌ရေးမှူး အငြိမ်စားဆရာကြီး ဦးတိုးလှက အမျိုးသား‌ အောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊စတင်ဖြစ်ပေါ်သည့်ကာလ၊ အမျိုးသားပညာရေးဆိုသည်မှာ နိုင်ငံတော်ရှိ တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်များ၏ အနှစ်သာရများကို တန်ဖိုးထားထိန်းသိမ်းမြှင့်တင်ပြီးဘက်စုံ အတွေးအခေါ် မှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်သော လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ရေးနှင့် ခေတ်စနစ်၏လိုအပ်ချက်များနှင့်အညီ နိုင်ငံတော်ကို ခေတ်မီဖွံဖြိုးတိုးတက်ရေးသို့ လမ်းညွှန်ပို့ဆောင်နိုင်စွမ်း ရှိသည့် ပညာရေးပင်ဖြစ်ကြောင်းနှင့် ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ ၆ ချက်ကို အသိပညာပေးပြောကြားခဲ့ပြီး ခေတ်အဆက်ဆက်မှ မျိုးချစ်သူရဲကောင်များ ၊မျိုးချစ်ကျောင်းသားကြီးများမှ အသက်သွေးချွေးပေးဆပ်၍ ကျားကုတ်ကျားခဲ ရယူခဲ့သောအမိမြေ ၊အမိနန်း ၊အမိကြငှန်း ၊အမိစာပေ ၊အမိ ယဉ်ကျေးမှု စသည်တို့ကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်မှာ လက်ရှိလူငယ်များပင် ဖြစ်ပါကြောင်း (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)