မတ္တရာမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မတ္တရာ   နိုဝင်ဘာ  ၁၇

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ ၂၀၂၂ခုနှစ် ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက် ယနေ့နံနက် ၉ နာရီက အ-ထ-က (မတ္တရာ)အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို အထက(မတ္တရာ) ကျောင်းသား/သူများမှ ဇာတိမာန် သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ ဖတ်ကြားခဲ့သည်။ ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာနှင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှဆုများ အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် အ.ထ.က(စလွန်ဖြူ)ကျောင်းသား/သူများမှ “ပြည်မြန်မာသီချင်း” ကို သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ ဆုရရှိသူများနှင့် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                                                                           

စိုးကျော်သူထွေး(မတ္တရာ)