ရခိုင်ပြည်နယ် မောင်တောမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

မောင်တော နိုဝင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းသား/သူများက ဇာတိမာန်သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ နိုင်ငံတော်စီစံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် သဝဏ်လွှာ အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးက ဖတ်ကြားသည်။ ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင် (ပထမ၊ဒုတိယ၊တတိယ) ဆုရကျောင်းသား/ သူများအား ခရိုင်/မြို့နယ် စီမံအုပ် ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ များ နှင့် အဖွဲ့ဝင်များ ၊ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား/သူ များမှ ပြည်မြန်မာ သီ ချင်း ဖြင့် သီဆိုခဲ့ကြသည်။ ယင်းနောက် ပြန်ကြားရေး နှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များဖြန့် ဝေခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ ဝင်များ ၊ ကျောင်းအုပ်ဆရာကြီး ၊ဆရာမကြီးများ ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၅၀) ခန့် တက် ရောက်ခဲ့ကြသည်။

သက်လွင်စိုး၊အောင်ကျော်စိန်ခရိုင်(ပြန်/ဆက်