ပင်လောင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်

ပင်လောင်း  နိုဝင်ဘာ  ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပင်လောင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ် ဌေးဌေးစီ ကအမှာစကားပြောကြားပြီး၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းလင်းက အမျိုးသားနေ့မှသည် အစဉ်နိုးကြားသော အမျိုးသားရေးစိတ်ဓာတ်ထက်သန်ရေး၊ အတိတ်သမိုင်းနှင့် မျိုးချစ်စိတ်၊မြန်မာ့ဇာတိမာန်၊ အမျိုးသားရေးစိတ်ဓာတ် နိုးကြားထက်သန်ရေး ခေါင်းစဉ်များနှင့်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏ အမည်စာရင်းများကို ဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်