တံတားဦးမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်ပ

တံတားဦး  နိုဝင်ဘာ  ၁၇

၁၃၈၄-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို တံတားဦးမြို မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် (၇)နာရီက ကျင်းပကြောင်းသိရသည် ။

အခမ်းအနားတွင်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၂)နှစ်မြောက် အမျိုးသာအောင်ပွဲနေ့ သဝဏ်လွှာအား တံတားဦးခရိုင် စီမံချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကိုလင်းကဖတ်ကြားသည်။ ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့် ၊ အလယ်တန်းအဆင့် တို့မှ စာစီစာကုံးပြိုင်ပွဲ ၊ ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/သူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါအခမ်းအနားသို့ တံတားဦးခရိုင် စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ  တက်ရောက်ကြပြီး အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျက်ရှိကြောင်း တက်ရောက် လာသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြကြောင်းသိရသည် ။

 

ရဲတင့်( ပြန်/ဆက်)