ပေါင် နိုဝင်ဘာ ၁၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့ နေ့လယ်ပိုင်းက အ.ထ.က (ဇင်းကျိုက်) ကျောင်း ရတနာမွန်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပေါင်မြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်စမ်းစမ်းအေး၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က အမျိုးသားအောင်ပွဲနေ့နံရံကပ်စာစောင်ပြပွဲနှင့်် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ကျောင်းသား/သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ နံရံကပ်ပြပွဲတွင် (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့၊ ထက်၊ လယ်၊ မူ ဆုရ စာစီ စာကုံးနှင့် ကဗျာများ၊ ပန်းချီလက်ရာများ ကာတွန်း၊ ပိုစတာများ အစရှိသည်တို့ကို ကျောင်းသား/သူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုပြီး ပြန်/ဆက်ဝန်ထမ်းများက လက်ကမ်း စာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။
ဆက်လက်၍ အ.ထ.က(ကျွဲခြံ) ကျောင်းနှင့် အ.ထ.က(ပေါင်) ကျောင်းတို့တွင်လည်း အမျိုးသား အောင်ပွဲနေ့ နံရံကပ်စာစောင်ကိုပြသ၍ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မြိုနယ်(ပြန်/ဆက်)