ကွမ်းလုံ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲ နေ့အထိမ်းအမှတ်(အကြို) မူလတန်းအထက်အဆင့် ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ရာ အခြေခံပညာ အထက်တန်းကျောင်း (ကွမ်းလုံ)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဟိုလီ)၊ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း (လူငယ်ကွမ်းလုံ) တို့မှ ကျောင်းသား/ကျောင်းသူ (၂၅)ဦးတို့က လာရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းနိုင်လင်းက ပန်းချီဆွဲပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်သည့် ကျောင်းသား/ကျောင်းသူများအား ပြိုင်ပွဲ၏ စည်းကမ်းချက်များနှင့် အမှတ်ပေးစည်းမျဉ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပုံတူပန်းချီကို ရေးဆွဲယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ငွေသားဆုကို အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပသည့် နိုဝင်ဘာလ (၁၇)ရက် နေ့တွင် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)