မိုင်းယန်းမြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ

မိုင်းယန်း နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပျော်ပွဲရွင်ပွဲ အားကစားပြိုင်ပွဲများကို  ယနေ့ နံနက်ပိုင်းမှ စတင်၍ ဟော်ကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ  အားကစားပြိုင်ပွဲများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်သား/ ကျောင်းသူများက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ သံပြားပစ်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲ၊ သုံးချောင်းထောက် အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ  စသည့် အားကစားပြိုင်ပွဲများကို ပျော်ရွင်စွာ ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသူများအား အမျိုးသားနေ့ အခမ်းအနားတွင်  ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပျော်ပွဲရွင်ပွဲ အားကစား ပြိုင်ပွဲများ ကျင်းပရာနေရာသို့ မိုင်းယန်းခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး