လူထုအခြေပြုဗဟိုဌာန (ကော့မှူး)၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး နိုဝင်ဘာ ၁၆

ကျောင်းသား/ကျောင်းသူ လူငယ်များသည် နောင်တစ်ချိန်တွင် တိုင်းပြည်၏ အနာဂတ်ကြယ်ပွင့်များ ဖြစ်သည့်အတွက်ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်သော လူတော်လူကောင်းလေးများ ဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ‌တွံ‌တေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းစာအပြင်ပြင်ပစာအုပ် စာစောင်များလေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ် သော အတွေးအခေါ်အမြော်အမြင်များ ရရှိစေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေ ရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် (Book Club)အသင်းမှအဖွဲ့ဝင် ဦး‌အေးသွင်က စာရေးဆရာသိန်းဇော်(ရွှေလီဦး) ရေးသားသည့် ဖားဝိဇ္ဇာနှင့်‌ ကျေးရွာ အလှဝတ္တုတိုများ စာအုပ်ထဲမှ “ရာသီမှားတဲ့လယ်ပုစွန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်အောင်မင်းထက်က “ပညာကူးတို့” ခေါင်းစဉ်ဖြင့် လည်း‌ကောင်း၊ မောင်စည်သူက အစွဲ(သို့မဟုတ်)အလွဲ‌ ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဦး‌အေးသွင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ ကော့မှူး