မွန်ပြည်နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မော်လမြိုင် နို၀င်ဘာ ၁၆

 မွန်ပြည်နယ် ကလေးသူငယ် အခွင့်အ‌ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်နယ်လူမှု၀န်ထမ်းရုံးအစည်းအဝေး ခန်းမတွင် ကျင်းပသည်။  

ရှေးဦးစွာ မွန်ပြည်နယ်ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က ကလေးသူငယ်အခွင့် အရေးဆိုင်ရာကော်မတီကို ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အဆင့်ဆင့်ဖွဲ့စည်းထားပြီး ကော်မတီများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း လုပ်ငန်းများဆောင်ရွက်ရာမှာ အားသာချက် အားနည်းချက်များ အခက်အခဲများနဲ့ ရှေ့လုပ်ငန်းစဉ်များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြကြစေလိုကြောင်း အစီရင်ခံစာများကို ၁ နှစ် ၁ ကြိမ်ပြုစုဆောင်ရွက်ကြရန် နို၀င်ဘာလ ၂၀ ရက်နေ့မှာ ကျရောက်မည့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကိုလည်းတက်ရောက်ပြီး ကလေးငယ်များရဲ့ ပါ၀င်ဆောင်ရွက်မှု တတ်မြောက်မှုစွမ်းရည်များကို ဂုဏ်မပြုပေးကြ လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူးမှ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြပြီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ၀င်များက အကောင်အထည်ဖော်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ၊ပြည်နယ်လူမှုရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင် ပြန်/ဆက်