မိုင်းယောင်း နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်က (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က ၂၀၂၂ ခုနှစ်၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျော်မှန်းချက်နှင့် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်ကို လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းက “အမျိုးသားရေးအားမာန်” အကြောင်းကို လည်းကောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစွာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၏ အမည်များကိုလည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်က ကဗျာဆရာဘိုမျိုး(ရွှေဘို)၏ “သူ့ကျွန်မခံ အမျိုးသားမာန်” ကဗျာကိုလည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း