(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ထန်းတပင်မြို့နယ်တွင် ကျင်းပ

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာလ ၁၆

ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အမျိုးသားအောင်ပွဲနေ့ကို မမေ့လျော့စေရေးအတွက် (၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အဖြစ်ထုတ်ဝေထားသည့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့​အေးက အမျိုးသားနေ့နှင့် အမျိုးသားရေးစိတ်ဓာတ် အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး အ.ထ.က (ထန်းတပင်)မှ ဒုတိယအလယ်တန်းပြဆရာမ ဒေါ်ဆုမွန်တိုးက အမျိုးသားနေ့ အကြောင်း သိကောင်းစရာများ ကိုတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် (၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများနှင့် အ.ထ.က(ထန်းတပင်)ရှိ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူကလေးငယ်များ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြကြောင်း လည်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)