ပျော်ဘွယ် နိုဝင်ဘာ ၁၆
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်း က မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်းစကား လက်ကမ်းစာစောင်တွင် “နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်စို့” ဟူသော ဆောင်ပုဒ်၊ “အမျိုးသားရေးအားမာန်” ဟူသောဆောင်းပါး၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဖဆပလပြည်လုံးကျွတ်ညီလာခံကြီးတွင် တင်သွင်းသောညီညွတ်ရေးအဆိုမှ ကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ် မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၀)ဦး၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သော (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာမှကောက်နုတ်ချက်၊ “သူ့ကျွန်မခံအမျိုးသားအားမာန်” ဟူသောကဗျာ၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်(၄)ရပ်၊ ပညာရေးမျှော်မှန်ချက် စသည်တို့ပါဝင်သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စောင်ရေ (၇၅၀) အား ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)