ပေါက်တော နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ် ၊စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟော ပြောပွဲ၊ စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယနေ့နံနက် ၁၁နာရီက ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဝင်းမင်းစိုးက ကျောင်းသား၊ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့အကြောင် းသိရှိစေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ ပိုမိုရင့်သန်လာစေရန် စာအုပ်စာပေများကို လေ့လာဖတ်ရှု့စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲအားကျင်းပပြုလုပ်ရာ ပေါက်တောမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူး ၂ဝ ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ကျောင်းသား၊ကျောင်းသူများ အား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ကြသည်။
ထို့ပြင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြသထားသည့်နံရံကပ် စာစောင်ကို ကြည့်ရှုလေ့လာကြသည်။
ဝင်းမင်းစိုး (ပြန်/ဆက်)