ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (Talk Show) ကျင်းပ

ဒဂုံအရှေ့  နိုဝင်ဘာ ၁၆

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်း က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ  လူထုအခြေပြုဗဟိုဌာန  Community Centre ခန်းမတွင် " (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့" အထိမ်းအမှတ် (Talk Show) ကျင်းပသည်။

အဆိုပါ (TalkShow) တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်နှင့် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ဦးစိန်လှိုင်(နန်းဦးဝေလျှံ)တို့က ပါဝင်ဆွေးနွေးသည်။

ထိုသို့ဆွေးနွေးရာ ယခုနှစ်၌ ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ အမျိုးသားရေးအားမာန်၊ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်း၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုကြသော ကျောင်းသားကြီး (၁၁)ဦးအကြောင်း၊ သူကျွန်မခံအမျိုးသားမာန်ကဗျာ အဓိပ္ပာယ်အစရှိသည့် အမျိုးသားအောင်ပွဲနေ့အကြောင်းအရာ ဆောင်ရွက်မှုများကို  အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ကာ လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးခြင်းများ၊ အထိမ်းအမှတ်နေ့များအား Talk Show များ စီစဉ်ရိုက်ကူးခြင်း၊ ပြပွဲ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ အစည်းအဝေး/ဆွေးနွေးပွဲများအား ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)