ဝမ်းတွင်း နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉) နာရီက အခြေခံပညာကျောင်းများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လက်ကမ်းစာစောင်တွင် အမျိုးသားရေးအားမာန်ဆောင်းပါး၊ ဗိုလ်ချုပ်အောင်ဆန်း ၂၃-၁-၁၉၄၆ ရက်နေ့ ဖဆပလပြည်လုံးကျွတ်ညီလာခံကြီးတွင် တင်သွင်းသောညီညွတ်ရေးအဆိုမှ ကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဌာန်ပြုကြ သော ကျောင်းသားကြီးများ၊ ပညာရေးမျှော်မှန်းချက်၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ကောက်နုတ်ချက်များ၊ ဆောင်ပုဒ်၊ ကဗျာနှင့် ကာတွန်း စသည့် အကြောင်းအရာများ ပါဝင်သည်။
အဆိုပါ လက်ကမ်းစာစောင်ကို အခြေခံပညာအထက်တန်းကျောင်း သဲတော-ဝမ်းတွင်းနှင့် အခြေခံပညာအထက်တန်းကျောင်း သဲတောကျောင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)