ကျောက်တော်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကျောက်တော် နိုဝင်ဘာလ ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နေ့လယ် (၁) နာရီအချိန်က အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများအား အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားရေးအားမာန်၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၏ အမည်စာရင်း များ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ ၂၈-၁၁-၂၀၂၁ ရက်နေ့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ဘိုမျိုး (ရွှေဘို) ရေးသားသည့် သူ့ကျွန်မခံအမျိုးသားအားမာန် (ကဗျာ) နှင့် ပညာရေးမျှော်မှန်းချက် စသည့်တို့ကို အရောင်အသွေးစုံ လင်စွာဖြင့် ဝေဝေဆာဆာ ဖော်ပြပါရှိသည်။

အဆိုပါ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တော်မြို့နယ်ရုံးမှ ဝန်ထမ်းများက အ-ထ-က (ကျောက်တော်) နှင့် အခြေခံပညာ (မူလွန်) ကျောင်း ပိုက်သည်ရပ်ရှိ ကျောင်းသား/ကျောင်းသူများ ဗဟုသုတများရရှိစေရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း