နွားထိုးကြီး နိုဝင်ဘာ ၁၆
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်သတိပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်က လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်အန္တရာယ်သတိပေး လက်ကမ်းစာစောင်တွင် မိသားစုလျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် သတိ ပြုရမည့်အချက်များ၊ လုပ်ငန်းဆောင်ရွက်ရာတွင် သတိပြုရမည့်အချက်များ၊ အပြင်ထွက်လျှင် စစ်ဆေးရမည့်အချက်များ၊ ဓာတ်လိုက်ခံရသူအား ရှေးဦးပြုရမည့် နည်းလမ်းများနှင့် ဆက်သွယ်သတင်းပို့နိုင်သော ဖုန်နံပါတ်များ ပါဝင်ကြောင်းသိရသည်။
သန်းအောင်ဇော်