ရသေ့တောင်မြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲအထိမ်းအမှတ်အဖြစ် စာစီစာကုံး ပြိုင်ပွဲကျင်းပ

ရသေ့တောင်   နိုဝင်ဘာလ  ၁၆

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲပြိုင်ပွဲကို ယနေ့နံနက်၁၀ နာရီအချိန်က အ-ထ-က (၁) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စို့ ခေါင်းစည်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို အမျိုးသားအောင်ပွဲနှင့် လူငယ်များခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား/ကျောင်းသူများမှ ဝင်ရောက်ယဉ်ပြိုင်ခဲ့ရာ  အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊  ကျောင်းသား/ ကျောင်းသူ (၂၅) ဦးမှ ဝင်ရောက်ယဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲကို ထိုသို့ကွင်းဆင်းကောက်ခံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လာရောက်ကြည့်ရှုကြပြီး ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများကို နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အခမ်းအနား ကျင်းပရာတွင် ဆုချီးမြှင့်ပေးမည်ဖြစ်ပြီး ဆုရရှိသူများကို ပထမဆု ၅၀၀၀၀၊ ဒုတိယဆု ၃၀၀၀၀၊ တတိယ ၂၀၀၀၀ ကျပ် အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)