ဘီးလင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

ဘီးလင်း နိုဝင်ဘာ ၁၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက အမျိုးသားအောင်ပွဲနေ့ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  ဘီးလင်းမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာ​ရေးမှူး ဦးတင်မွန်က အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ တက္ကသိုလ်ဥပဒေကြမ်းတွင် ပါဝင်သောအချက်များ၊ ပထမကျောင်းသားသပိတ်ကို ဦးဆောင် ခဲ့ကြသော ရန်ကုန်ကောလိပ် ကျောင်းသားများစသည့် အချက်များကို အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထူးနောင် ဘီးလင်း(ပြန်/ဆက်)