ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန်    နိုဝင်ဘာ    ၁၆

ရပ်ကွက်စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေး၊ စာကြည့်တိုက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေတို့အတွက် ယမန်နေ့ညနေ နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်၊ ရတနာအလင်းရောင်စာကြည့်တိုက်သို့ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

အဆိုပါနယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုး က ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး စာအုပ်စာစောင်များတိုးပွားရေး၊ ဒေသတွင်းရှိပြည်သူများမှ အားကိုးအားထားပြုသည့် စာကြည့်တိုက်များဖြစ်ပေါ်စေရေး၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှုများ၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာဆောင်ရွက်ရေး၊ စာဖတ်သည့်ပြည်သူများတိုးပွားရေးတို့အတွက် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန္ဒာမိုး