မိုးကောင်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသထား

မိုးကောင်း နိုဝင်ဘာ ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို အ.ထ.က(၁)ကျောင်း မဉ္ဇူသကခန်းမ၌ ယနေ့ နံနက်(၈)နာရီမှ စတင်ခင်းကျင်း ပြသထားကြောင်း သိရသည်။

(၁၀၂)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်တွင် အမျိုးသားနေ့ အထိမ်းအမှတ် သမိုင်းအကြောင်း၊ ဆောင်ပုဒ်နှင့်ဦးတည်ချက်များ၊ အမျိုးသားရေး၊ အမျိုးသားရေးစိတ်ဓါတ်၊ ဗိုလ်ချုပ်အောင်ဆန်း ညီလာခံတွင် ပြောကြားခဲ့သည့်မိန့်ခွန်းများ၊ အမျိုးသားနေ့နှင့်ပတ်သက်သည့် အသိပညာပေးဆိုင်ရာစာစုများ၊ ကောက်နုတ်ချက်များ၊ အမျိုးသားရေးလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများကို ဗဟုသုတရရှိစေရန် ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင် အုပ်ရေ (၂၀၀)ခန့် ခင်းကျင်းပြသထားမှုကို ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)