ဝိုင်းမော်မြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး ပြိုင်ပွဲကျင်းပ

ဝိုင်းမော် နိုဝင်ဘာ ၁၆

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်(၉)နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ စာစီစာကုံးပြိုင်ပွဲများ ကျင်းပခဲ့ကြသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲများတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက "အမျိုးသားနေ့နှင့် သမိုင်းပေးတာဝန်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက "မျိုးချစ်စိတ်ဓါတ်အစ အမျိုးသားနေ့က" ခေါင်းစဉ်ဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး‌ ဆုရရှိသော ကျောင်းသူ၊ ကျောင်းသားများကို မြို့နယ်အဆင့်မှ စီစစ်ရွေးချယ်၍ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြင့် သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရှိရသည်။

ဖြူစင်(ပြန်/ဆက်)