မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် (၁ဝ၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အားကစားပြိုင်ပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲများကျင်းပ

မန္တလေး နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကျောင်းသားလူငယ်မောင်မယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိရှိစေရန်၊ ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်၊ ငယ်ရွယ်စဉ်ကတည်းက စာပေဖတ်ရှုသည့်အလေ့အထ ရှင်သန်စေရန်စသည့် ရည်ရွယ်ချက်များဖြင့်   (၁၀၂) နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နှင်းမူနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အားကစားပြိုင်ပွဲများအနေဖြင့် အခြေခံပညာမူလတန်းအဆင့် အာလူး ကောက်ပြိုင်ပွဲ (ကျား) ၅ ဦး၊ အလယ်တန်းအဆင့် ခြေပူး(ကျား) ၁၀ ဦး၊ အပ်ထိုး (မ) ၅ ဦး၊ အထက်တန်းအဆင့် ကျောပိုး (ကျား) ၁၀ဦး၊ ကြိုးခုန် (မ) ၅ဦးတို့ အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ထို့နောက် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ဆက်လက်ကျင်းပရာ ကျောင်းသား လူငယ်မောင်မယ်များက အမျိုးသားနှင့် လူငယ်တာဝန်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမျိုးသားအောင်ပွဲတို့ ဆင်နွှဲခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမျိုးသားနှင့် လူငယ့်အားမာန် ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နိုဝင်ဘာလ ၁၇ ရက် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်း အနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးက ပြောပြခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)