ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဝက်မွေးမြူရေး သင်တန်းဖွင့်လှစ်

ကြာအင်းဆိပ်ကြီး နိုဝင်ဘာ ၁၆

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ပြည်သူများအား အဆင်ပြေစေရေးနှင့် မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် မျိုးကောင်းမျိုးသန့် တိရစ္ဆာန်သားပေါက်များအား ထောက်ပံ့ပေး အပ်ခြင်းနှင့် မွေးမြူရေးသင်တန်းများအား ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ၌ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ဝက်မွေးမြူရေး သင်တန်းကို ယမန်နေ့ကစတင်ပြီး အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဝက်မွေးမြူရေးသင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာစိုးလွင်က ဝက်များအား စနစ်တကျ မွေးမြူနိုင်ရေးနည်းလမ်းများ အစာအာဟာရကျွေးမွေးမှုများ ရာသီအလိုက် ဝက်များတွင်ကျရောက် ဖြစ်ပွားတက်သည့်‌ ရောဂါလက္ခဏာများ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကုသရေးနည်းလမ်းများအား ပိုချပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါသင်တန်းအား ဒေသခံပြည်သူ (၂၀)ဦး တက်ရောက်လျက်ရှိပြီး နိုဝင်ဘာ ၁၈ ရက်နေ့အထိ ၄ ရက်အကြာ ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)