မဟာအောင်မြေမြို့နယ်၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မဟာအောင်မြေ နိုဝင်ဘာ  ၁၆

 မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် မဟာအောင်မြေမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခွဲ၌  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က ကျောင်းသား၊ကျောင်းသူများနှင့်ဆရာ/များကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင်  အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အမျိုးသားရေးအားမာန်၊ အမျိုးသားရေးအားမာန်ဆောင်းပါးတို၊ လူငယ်တွေရဲ့ ခေတ်နှင့်မှန်ကန်သော မျိုးချစ်စိတ်ဓါတ်များရှိရန် အထူးလိုအပ်စသည့်ကောက်နှုတ်ချက်များ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦးအမည်၊ သူ့ကျွန်မခံအမျိုးသားမာန်ကဗျာ၊ မှန်ကန်သောမျိုးချစ် စိတ်ဓာတ်များရှိရန် အထူးလိုအပ်ကြောင်း၊ ပညာရေးဖြင့်ခေတ်မီနိုင် ငံတော်ကြီးတည်ဆောက်အံ့၊ သူ့ကျွန်မခံ အမျိုးသားအားမာန်၊ ၂၀၂၂ ခုနှစ် (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ နိုင်ငံဘက်စုံ ဖွံ့ဖြိုးဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်စို့၊ အချက်များပါသည့် သတင်းစကားလက်ကမ်းစာစောင်များကို ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများအား အခမဲ့ဖြန့်‌ဝေပေးခဲ့ကြောင်းသိရသည်။

 အောင်ဇော်မင်း