မဟာအောင်မြေမြို့နယ်တွင် (၁၀၂) မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြို စာစီစာကုံး၊ ကဗျာစပ်ပြိုင်ပွဲကျင်းပ

မဟာအောင်မြေ နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး  မန္တလေးခရိုင် မဟာအောင်မြေမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရောက်ရှိမည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာစပ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က မဟာအောင်မြေမြို့နယ်၊ အမှတ်(၃)နှင့် အမှတ်(၁၃) အခြေခံပညာအထက်တန်း ကျောင်းများတွင် ကျင်းပခဲ့သည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့်ကဗျာစပ်ပြိုင်ပွဲတွင် အထက်တန်း/အလယ်တန်းအဆင့် အမျိုးသားအောင်ပွဲ ဒို့ဆင်နွှဲ  ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်း/အလယ်တန်းအဆင့် အမျိုးသားနေ့ ဒို့မမေ့ခေါင်းစဉ်ဖြင့်လည်းကောင်း ခေါင်းစဉ်တို့ဖြင့်ကျင်းပရာ အခြေခံပညာအထက်တန်း အဆင့် ကျောင်းသား/သူများ၊ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာစပ်ပြိုင်ပွဲသို့ မဟာအောင်‌မြေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မဟာအောင်မြေမြို့နယ် ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ လာရောက်ကြည့်ရှုအားပေး ကြီးကြပ်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ များအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ရွှေတိုး

ကလောင်အမည်(ရွှေတိုး)