ကျောက်ပန်းတောင်း နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာကော်မတီတို့ပူးပေါင်း၍ ပြည်သူများ ကိုဗစ်-၁၉မျိုးဗီဇကွဲကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက်၊ ယနေ့နံနက်(၇)နာရီက မြို့မရဲစခန်းရှေ့တွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးရာတွင် မြို့မစည်ပင်သာယာဈေးအနောက်ဖက် မီးသတ်လမ်းမှနေ၍ ဈေးသွား/ဈေးလာပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် ဒုတိယဦးစီးမှူးများ၊ ဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၂၅)ဦးတို့က နှာခေါင်းစည်း Mask အခုရေ(၁၀၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
နေအောင်