ရွှေပြည်သာ နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်ပြည်သူများ အသိပညာဗဟုသုများ ရရှိတိုးပွားစေရန် Online မှတဆင့် ပုံပြင်များ၊ ကဗျာများ၊ စာအုပ်မိတ်ဆက်ခြင်းများ၊ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ရိုက်ကူးတင် ဆက်ပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသားနေ့ဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် ရွှေပြည်သာမြို့နယ် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုး၊ မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ မရည်မွန်(ကျုံပျော်)နှင့် စာရေးဆရာအသင်းအဖွဲ့ဝင်များက အမျိုးသားနေ့အကြောင်း အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)