ကွတ်ခိုင်မြို့နယ်(Community Centre)ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ကွတ်ခိုင် နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ‌ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ကွတ်ခိုင် မူလတန်းကြိုကျောင်းမှ ကျောင်းသား/သူကလေးငယ်များ စုစုပေါင်း (၂၀)ဦးလာ‌ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကလေးငယ်များက ပေးထားသော ကာတွန်းရုပ်ပုံများကို စိတ်ဝင်တစားဆေးရောင်များခြယ်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲအပြီးတွင် အလှဆုံးဆေးရောင်ခြယ်ထားသည့် ကလေးငယ်များအား အမှတ်တရလက်ဆောင်ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

ချစ်မျိုးဦး (ကွတ်ခိုင်)