မဟာအောင်မြေမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်း‌ကျောင်း၌ လူငယ်နှင့်‌ခေါင်းဆောင်အသိပညာပေး ဟောပြောပွဲကျင်းပ

မဟာအောင်မြေ နိုဝင်ဘာ ၁၆

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်း‌ကျောင်း မြတ်ရတနာခန်းမ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လူငယ်နှင့်‌ခေါင်းဆောင်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ကျင်းပ‌ခဲ့ကြောင်း သိရသည်။

ထို့နောက် ဟောပြောပွဲကို  မဟာအောင်မြေမြို့နယ် အားကစားမှူးဦးရှီမွန်က လူငယ်တွေဟာ အနာဂတ်မျိုးဆက်သစ်တွေဖြစ်ကြောင်း၊ စာပေတွေကို လေ့လာမှတ်သားရသလို ကိုယ်ကာယ ကျန်းမာဖို့အတွက် အားကစားလေ့ကျင်းမှု‌လည်းပြုလုပ်သင့်ကြောင်း၊ အားကစားလုပ်လျှင် ပညာရေးအတွက်လည်း အထောက်အကူပြုပြီး ဉာဏ်ရည်ဉာဏ်သွေး တိုးတက် ကောင်းမွန်ကြောင်း စသည့်အကြောင်းအရာများအား ထည့်သွင်းပြောကြားပြီး အားကစားပစ္စည်းများကို ကျောင်းသား/သူများအား ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်အောင်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲအား အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမ ဒေါ်နွယ်နွယ်အောင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။

ရွှေတိုး