လမိုင်း စက်တင်ဘာ ၂၀
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ ဘေးလမိုင်းကျေးရွာအုပ်စု ရေး- သံဖြူဇရပ်ကားလမ်းမကြီးရှိ လဝီရာမည စက်သုံးဆီအရောင်ဆိုင်ရှေ့ နှစ်ကရင်ကျေးရွာ အဝင်လမ်းဆုံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခြင်းကို ယမန်နေ့မှ စတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့် စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းများ ပြုလုပ်ဆောင်ရွက်ပြီး Mask တပ်ဆင်ခြင်း ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သတ် ပြီးကျန်းမာရေးအသိပညာပေးမှုများ ပြုလုပ်ဆောင်ရွက်ခြင်း၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဝင်ရောက်လာသူများအား Quarantine ဝင်ရောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ဇာစိုး (ပြန်/ဆက်)