ကျောက်ပန်းတောင်း နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စောင်ပြသခြင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစောင်များဖြန့်ဝေခြင်းတို့ကို၊ ယနေ့နံနက်(၁၀)နာရီက အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လူငယ်များမျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ နိုင်ငံနှင့်လူမျိုးကိုချစ်ခင်မြတ်နိုးစိတ်ရှိရေး အစရှိသည်တို့ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ကျောင်းသားကျောင်းသူလေးများအား ရှင်းလင်းဟောပြောပြီး၊ ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူလေးများထံ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးကြသည်။ယင်းနောက် ကျောင်းရှေ့တန်းစီကွင်းအနီးတွင် ခင်းကျင်းပြသထားသည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) နံရံကပ် စာစောင်နှင့်သမိုင်းဝင်ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူလေးများက ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲ၊နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့်ဆရာ/ဆရာမများ၊ အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား ကျောင်း သူများ လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရပြီး၊ သတင်းစကားလက်ကမ်းစာစောင်စောင်ရေ (၄၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)