အမ်းမြို့၌ မြေပြင်လူဦးရေစာရင်းဆိုင် ရာအချက်အလက်များ ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး

အမ်း  နိုဝင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်း မှန်ကန်​စေရေး မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခြင်းကို  ယမာန်နေ့က စျေးတောင်ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ​မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ် ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် အခြေခံလူဦးရေ စာရင်းမှန်ကန်​စေရေး မြေပြင် ကွင်းဆင်း၍တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး​ခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း