မိတ္ထီလာ နိုဝင်ဘာ ၁၆
မိတ္ထီလာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁ဝ၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်က အထက (၂)နှင့် အထက(ခွဲ) အောင်ဇေယျာ ကျောင်းများတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့် ဝေပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် အထက(၂)နှင့် အထက(ခွဲ)အောင်ဇေယျာ ကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများထံသို့ (၁ဝ၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ ဦးစီးအရာရှိဒေါ်မာလာဆွေဝင်းနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ခြင်းဖြစ် သည်။ အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂ဝ၂၂ ခုနှစ် (၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့်ပညာ ရေးမျှော် မှန်းချက်၊ ဘိုမျိုး(ရွှေဘို) ၏ သူ့ကျွန်မခံ အမျိုးသားမာန် ကဗျာ၊ ကာတွန်းလှထွဋ် ဦး၏ ကာတွန်း၊ လူငယ်တွေရဲ့ ခေတ်၊ ရန်ုကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁ဝ) ဦး၊ အမျိုးသားရေးအားမာန်၊ ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့နှင့် နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စို့ ဆောင်ပုဒ် များ စသည်ဖြင့် ဝေဝေဆာဆာ ဖော်ပြပါရှိကြောင်း သိရသည်။
ချမ်းသာ