ကွန်ဟိန်း နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲအား ယမန်နေ့ မွန်းလွဲ(၁:၀၀)နာရီ အချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်" အမျိုးသားရေးနှင့်လူငယ်တာဝန်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်း၊ အလယ် တန်းနှင့် မူလတန်းအဆင့် ကဗျာပြိုင်ပွဲတွင် "အမျိုးသားနေ့ဒို့မမေ့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီဆွဲပြိုင်ပွဲအား မိမိနှစ်သက်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်နှင့် တာဝန်ရှိ ဆရာ၊ ဆရာမများမှ ကြည့်ရှု့အားပေးခဲ့ကြသည်။ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ ၊ အမျိုးသားအောင်ပွဲနေ့ တွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)