(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

လွိုင်လင် နိုဝင်ဘာ ၁၆

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိူသားအောင်ပွဲနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို လွိုင်လင်မြို့ပေါ်ရှိ အမှတ်(၁)အ‌ခြေခံပညာအထက်တန်း‌ကျောင်းရှိ ကျောင်းသား‌၊ ကျောင်းသူများအား လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၂)နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်များ၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံများ၊ နိုင်ငံတော်အကြီးအကဲ၏ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင်ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်များ၊ သိသင့်သိထိုက်သည့် အဆိုအမိန့်များ၊ ပညာပေးကာတွန်းနှင့် ကဗျာဆရာ ဘိုမျိုး(ရွှေဘို)ရေးစပ်ထားသည့်  သူ့ကျွန်မခံ အမျိုးသားအားမာန်ကဗျာများပါရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)