မိုင်းငေါ့ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွှဲ(၁)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ (၁၀၂)နှစ်မြောက် အမျိုးသားနေ့ဦးတည်ချက်များနှင့်အမျိုးသားနေ့ဖြစ် ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်မို့မိုက အမျိုးသားအောင်ပွဲနေ့အကြောင်းနှင့်ပတ်သက်သည့် သိကောင်းစရာများကိုလည်းကောင်း အသီးသီးအသိပညာပေးဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းငေါ့မြို့ရုံးအနေဖြင့် Onlineမှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲ(Talk Show)များ၊ ပြိုင်ပွဲများကို ကျန်းမာရေးစည်းကမ်းချက်များနှင့် အညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)