စဉ့်ကိုင် နို၀င်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (၁၀၂)နှစ်မြှောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီကပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့သမိုင်းကို ပိုမိုသိရှိစေရန်၊ ကောင်းမွန်မှန်ကန်သော မျိုးချစ်စိတ်ဓါတ်တိုင်းပြည်ချစ်စိတ်များ ထာဝရရှင်သန်ထက် မြက်စေရန်နှင့်အသိပညာ ဗဟုသုတဉာဏ်ရည် ဉာဏ်သွေးများ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည် ပြိုင်ပွဲ၊စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားပြီးနောက်ပြိုင်ပွဲများကို ဆက်လက်ကျင်းပဆောင် ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းဉက္ကဋ္ဌ စာရေးဆရာ ဦးဝင်း ကြည်(စဉ့်ကိုင်)၊ ဆရာ/ဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပြီး မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင်(၁၀)ဦး၊ မူလတန်းအဆင့်စကားပုံဆက် ပြိုင်ပွဲ တွင်(၁၈) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများ၊ ဆရာ၊ဆရာမများနှင့် မိဘပြည်သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ကျော့မူယာမောင် (ပြန်/ဆက်)