မိုင်းတုံ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့(၁၄:၃၀)နာရီအချိန်က ဒုတိယဦးစီးမှူးဒေါ်သီတာအေးနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်သက်သက်ခိုင်တို့မှ ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်သက်သက်ခိုင်က Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက အမျိုးသားအောင်ပွဲနေ့နဲ့ အမျိုးသားအောင်ပွဲဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ အကျယ်တစ်ဝန်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးမှုကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် We Love Mong Tong , Facebook Page မှတဆင့် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)