ငါ့သရောက် နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်းခွဲ (ကုလားတဲ)တွင် ကျောင်းသားကျောင်းသူများနှင့်ဆရာ/များကိုဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မှထုတ်ဝေသည့်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်း စာစောင်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အမျိုးသားရေးအားမာန်၊ လူငယ်တွေရဲ့ခေတ်၊ ရန်ကုန်ယူနီဗာ စတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ မှန်ကန်သောမျိုးချစ်စိတ်ဓာတ် များရှိရန် အထူးလိုအပ်ကြောင်း၊ ပညာရေးဖြင့်ခေတ်မီနိုင် ငံတော်ကြီးတည်ဆောက်အံ့၊ သူ့ကျွန် မခံအမျိုးသားအားမာန်၊ ၂၀၂၂ ခုနှစ် (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ နိုင်ငံဘက်စုံ ဖွံ့ဖြိုးဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်စို့၊ အချက်များပါ သည့် သတင်းစကားလက်ကမ်း စာစောင်များကို ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုး ဦးဆောင်ကာ ဝန်းထမ်းများ ဆရာ/မများ၊ ကျောင်းသားကျောင်းသူများအား အခမဲ့ဝေငှပေးခဲ့ကြောင်းသိရသည်။
P.W.A(ပြန်/ဆက်)